ပုသိမ် ဒီဇင်ဘာ ၄
ဧရာ၀တီတိုင်းဒေသကြီးအတွင်း၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေကို မြတ်နိုးတန်ဖိုးထားသော စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရေးအတွက် တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ ပုသိမ်မြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာရှိ ရွာပိဋကတ် စာကြည့်တိုက်နှင့် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကံရွာကျေးရွာ စာကြည့်တိုက်နှင့် ညောင်ချောင်းကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်စာစောင်နှင့် ပရိဘောဂ ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စာတိုက်ကုန်း လမ်းရှိ တိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်း အဖွဲ့ရုံး၌ပြုလုပ်ခဲ့သည်။
လှူဒါန်းပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စာကြည့်များဖောင်ဒေးရှင်းအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပုသိမ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ ရွာဦးပိဋကတ် စာကြည့်တိုက် တည်ထောင်သူ ဆရာတော်ထံသို့ သံဘီရို ၁ လုံး၊ သုတ၊ ရသစာအုပ် ၃၀ နှင့် ဖိုက်ဘာထိုင်ခုံ ၅ လုံး တို့အား လည်းကောင်း၊ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကံရွာကျေးရွာ စာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ် ၅၀ အုပ်နှင့် ညောင်ချောင်းကျေးရွာ စာကြည့်တိုက်သို့ သုတ၊ ရသစာအုပ် ၅၀ အုပ်တို့အား တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း အဖွဲ့ဝင်များက ဆက်လက်ပေး အပ်လှူဒါန်းရာ အဆိုပါစာကြည့်တိုက်များမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)