ငပုတော ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် နွေစပါးစိုက်တောင်သူများသို့ ယူရီးယားဓါတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိန်သန်း က ယူရီးယား ဓါတ်မြေသြဇာအိတ်များ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းနားသို့ တက်ရောက်လာကြသည့် တောင်သူများအား ယူရီးယား ဓါတ်မြေသြဇာအိတ်များ ဖြန့်ဖြူး ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ နွေစပါးစိုက် တောင်သူ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး နွေစပါးစိုက်ဧက (၇၆၀၇)ဧကအတွက် ယူရီးယား ဓါက်မြေသြဇာအိတ် (၂၆၇)အိတ်ကို တောင်သူ (၉၁၄)ဦးအား ပေးအပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
နုနုအေး