ငပုတောမြို့နယ်တွင် ဇီဝလုံခြုံရေး ပညာပေး သင်တန်းဖွင့်လှစ်

ငပုတော ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ယနေ့နံနက်  ၁၀ နာရီက ဇီဝလုံခြုံရေး ပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ သိန်းဆွေဦးမှ  အခြေခံမွေးမြူရေးဆိုင်ရာ ဇီဝလုံခြုံရေး ပညာပေးအကြောင်းအရာများနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးအကြောင်းအရာများ ပို့ချခဲ့ပြီး မြို့ပေါ်ရပ်ကွက်  ၄   ခုအတွင်းရှိ မွေးမြူရေးလုပ်ကိုင်သူ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါ ဇီဝလုံခြုံရေး ပညာပေးသင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

နုနုအေး