ပွင့်ဖြူမြို့နယ်တွင် (၈)ခန်းတွဲ (၅)ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအဆောက်အဦ ဆောက်လုပ်နေမှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်

ပွင့်ဖြူ      ဒီဇင်ဘာ     ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်း နေနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်နေသည့် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ၆၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအခြေ အနေအား ယမန်နေ့ က    မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများစစ်ဆေးရေးအဖွဲ့က တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောက်လုပ်သည့်  နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တည်ဆောက်နေမှု အခြေအနေအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် မကွေးမြို့ ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦ (၆၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အတွက်  ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအိမ်ရာ အဆောက်အဦအား ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် တင်ဒါပါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကြိုးပမ်း တည်ဆာက်ဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် (၈)ခန်းတွဲ၊ (၅) ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ အဆောက်အဦမှာ အလျား ၉၃ ပေ ၆ လက်မ ၊ အနံ ၉၃ ပေ ၆ လက်မ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်  ၉၈၉,၀၀၀,၀၀ဝိ/- ဖြင့် မကွေးမြို့၊ ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကာ ယခုအခါ (၆၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရပြီး ဌာနဆိုင်ရာဝန်ထမ်းများ စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်ရေးအတွက် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုပမ်းတည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ယူတည်ဆောက် သည့်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေးက ပြောကြားသည်။ 

ခင်ဝါဝါလှိုင် (ပြန်/ဆက်)