ညောင်တုန်းမြို့တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပြီးစီးမှုနှင့် အချိန်လွန်ချေးငွေကြွေးကျန်များပြန်လည်ကောက်ခံရာတွင် ပိုမိုတိုးတက်ရရှိစေရေးညှိနှိုင်းဆွေးနွေး

ညောင်တုန်း ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပြီးစီးမှုနှင့် အချိန်လွန်ချေးငွေကြွေးကျန်များပြန်လည်ကောက်ခံရာတွင် ပိုမိုတိုးတက်ရရှိစေရေးညှိနှိုင်းဆွေးနွေးခြင်းကို ဒီဇင်ဘာလ ၃ရက် နံနက်၉နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ၊ ကျေးရွာအုပ်စုချေးငွေစီစစ်ရေးအဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ၂၀၂၁ခုနှစ် မိုးရာသီနှင့် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပြီးစီးမှု၊ အချိန်စေ့နှင့် အချိန်လွန်ကြွေးကျန်များကောက်ခံပေးသွင်းရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။