ငဖဲမြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ဖွင့်ပွဲကျင်းပ

ငဖဲ ဒီဇင်ဘာ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မင်းဘူးခရိုင် ငဖဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင်  ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုအပိုဝင်ငွေတိုးတက်ရရှိ လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သော အသက်မွေး ဝမ်းကြောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက အဆိုပါမြို့နယ်ရုံး သင်တန်း ခန်းမ၌ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးစိုးနိုင် က ကျေးရွာအုပ်စုများမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များ ကျွမ်းကျင်စွာ တတ်မြောက်ထားရန် လိုအပ်ကြောင်းနှင့် သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ငဖဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ဝိုင်းယုမော် က သင်တန်းတက် ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် လက်သမား၊ ပန်းရံလုပ်ငန်း သင်ကြားမှုများအား စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန် ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စုရှိ ကျေးရွာရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ရက်သတ္တနှစ်ပတ်ကြာ သင်တန်းနည်းပြ(၂)ဦးက စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)