ပေါင်းတည် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု၊ ကျီးမနိုး (မြစိမ်းရောင်) ကျေးရွာဆေးထိုးစုရပ်တွင် ယနေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာတွင် အသက်(၁၈)နှစ်အထက်ပြည်သူ(၇၀)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) အမျိုးအစားကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကျောင်းတော်ရာကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ်အထက် ပြည်သူ(၉၀၇)ဦးရှိပြီး ကာကွယ်ဆေး ထိုးပြီးသူ(၆၀၈)ဦးရှိကာ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသူများအား ကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)