ကျိုက်လတ် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲတွင် မသန်စွမ်းသူများ၏ အခြေခံအခွင့်အရေးများ၊ မသန်စွမ်းမှုအမျိုးအစားများ၊ မသန်စွမ်းသူများအတွက် အဟန့်အတားကင်းသော ပတ်ဝန်းကျင်၊ ကိုယ်အင်္ဂါမသန်စွမ်းသူများ၏ သွင်ပြင်လက္ခဏာများ စသည့် အသိပညာပေး မှတ်တမ်းဓါတ်ပုံ များနှင့် စာအုပ်ပြပွဲတွင် မသန်စွမ်းသူများ၏ ကြိုးစားအောင်မြင်ခဲ့ရသည့် စိတ်ဓာတ်မြှင့်တင် ရေးစာအုပ်များ၊ ပြည်သူများဖတ်ရှုလေ့လာသင့်သည့် သုတရသစာအုပ်များကို ပြသထားရာ ပြည်သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)