ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေး နှိုးဆော်ချက်များ ဆက်လက် ဆောင်ရွက်

ရေတာရှည်  ဒီဇင်ဘာ 

ပဲခူးတိုင်း​ဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာ​ပေး တိုက်တွန်းနှိုး​ဆော်ရာတွင်  ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာ ရမည့် အချက်များ၊ ကြိုတင် ရှောင်ရှားရမည့် အချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်းလိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ်အတွင်း၌ ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး​​တွေ့လူနာ ထပ်မံ​တွေ့ရှိမှု မရှိ​ကြောင်းနှင့် ယ​နေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၅၇၀)ဦးရှိပြီး ဆေးရုံဆင်း (၁၅၃၂)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ ()ဦး၊ သေဆုံး(၃၆)ဦး ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)