ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ဘားအံ ဒီဇင်ဘာ ၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စိုးစိုးအေးက ဆွေးနွေးပွဲTalk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို   ရှင်းလင်းပြော ကြားခဲ့ပြီးနောက်  လူမှုဝန်ထမ်း ဦးစီးဌာန၊ ကရင်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုသွယ်ဝင်းက အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး  (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆောင်ရွက်နေမှု များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ လူမှုပတ်ဝန်းကျင်တွင် ဝင်ဆံ့နိုင်ရေးအတွက် ဝန်ဆောင်မှုပေးနေသည့် အခြေအနေများ၊ ဥပဒေများရေးဆွဲထားရှိမှုအခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ရွာအခြေပြု ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)