ရေတာရှည်မြို့နယ်တွင် (EM) ဘိုကာရှီ​မြေ​ဆွေး ပြုလုပ်သုံးစွဲနည်းကွင်း သရုပ်ပြပွဲကျင်းပပြုလုပ်

ရေတာရှည် ဒီဇင်ဘာ ၃

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်း​ကျေးရွာအုပ်စု မှန်စီ​ကျေးရွာ တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက  (EM)ဘိုကာရှီ​မြေ​ဆွေး ပြုလုပ် သုံးစွဲနည်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကွင်းသရုပ်ပြပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း တက်​ရောက်၍ တောင်သူ များနှင့်​ တွေ့ဆုံအား​ပေးစကား ​ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်း​ဇော်က မြေ​ဆွေးပြုလုပ်သုံးစွဲနည်းစနစ်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်း​ပြောကြားခဲ့ ကာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်​တွေ့ပြုလုပ်ပြသခဲ့​သည်။

(EM)ဘိုကာရှီ​ မြေ​ဆွေးပြုလုပ်ထားသည့် ဂျပန်နိုင်ငံမှ နည်းစနစ်ဖြစ်ပြီး ကောက်ရိုး၊ ​မြေ​ဆွေး စသည့် လယ်ယာထွက်ပစ္စည်းများအား ဖွဲနုနှင့် EM ဖျော်ရည်​များဖြင့် အလွယ်တကူ ပြုလုပ်ရရှိပြီး ယင်း​မြေ​ဆွေးကို အသုံးပြုခြင်းဖြင့် ဓာတ်​မြေသြဇာသုံးစွဲမှု  လျော့ချနိုင်​ကြောင်း၊ ဓာတ်​မြေသြဇာ အသုံးပြု ခြင်း​ကြောင့် မြေဆီလွှာပျက်စီးမှုရှိပြီး EM ဘိုကာရှီ​မြေ​ဆွေးကို နှစ်စဉ်အသုံးပြုခြင်းဖြင့် မြေဆီလွှာပိုမို​ကောင်းမွန်လာ​စေမည်ဖြစ်​ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်း​ဇော်က ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)