ရေစကြိုမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရေစကြို ဒီဇင်ဘာ ၃

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇောက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင် ဗိုလ်မှူးအာကာဖြိုးက ရေစကြိုမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင်ဗိုလ်မှူးအာကာဖြိုး၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး ယာယီ ရဲမှူးတင်လတ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နော်နော် (ချင်းတွင်းသား)