ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများကို အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဖြူး ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများကို  ဒီဇင်ဘာ(၃)ရက်နေ့၊ နံနက်(၉)နာရီက စတင်၍ မြို့န​ယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ထန်းကုန်းအပိုင်း ကျေးရွာများတွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက် ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာ နိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ပဲခူးလမ်းမကြီးဘေး ကျေးရွာများတွင် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ဒီဇင်ဘာလ(၂)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ မရှိသော ကြောင့် စုစုပေါင်းအတည်ပြုလူနာ (၁၃၆၈)ဦး၊ သေဆုံးသူမှာ(၈၇)ဦး၊ ဆေးရုံလက်ကျန် (၁)ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်(ဖြူးပြန်/ဆက်)