စလင်း ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာဈေးနှင့် ဆင်ဖြူကျွန်း မြို့ဈေးတို့အား မီးဘေးအန္တရာယ်လုံခြုံရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၃ ရက်နံနက် ၈ နာရီအချိန်က အသိပညာပေး စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်က စလင်းမြို့မဈေးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်ဆောင်ရွက် ထားရှိမှုများနှင့် ထပ်မံဆောင်ရွက်မည့် အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ထပ်မံလမ်းညွှန် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာတွင် စလင်းမြို့မဈေးကြီးအတွင်း မီးသတ်ကားအလွယ်တကူဝင်ထွက်သွားလာနိုင်ရန်အတွက် လမ်းချဲ့ခြင်း၊ လုံခြုံရေးလျှပ်စစ် မီးကြိုးသွယ်တန်းမှုနှင့် စလင်းမြို့မဈေးမြောက်ဘက်လူကူးပေါင်းတံတားအား မီးသတ်ကား ဝင်ထွက်သွားလာနိုင်စေရန် တိုးချဲ့ပြင်ဆင်မှုတို့ပြုလုပ်ရန်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌက လမ်းညွှန်ခြင်း၊ ဈေးအတွင်းမလိုအပ်သည့် ဈေးဆိုင်ခန်းများနှင့် သက်တမ်းလွန် နေသည့်ဈေးဆိုင်ခန်းများအား ပြုပြင်ခြင်းများဆောင် ရွက်ရန် မှာကြားဆောင်ရွက်ခဲ့ပြီး ဆင်ဖြူကျွန်းမြို့ဈေးအတွင်းတွင်လည်း မီးဘေးလုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ထားရှိမှုတို့ ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကိုလမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)