ညောင်လေးပင် ဒီဇင်ဘာလ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ညောင်လေးပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အစည်းအဝေး ခန်းမ၌ ယနေ့နနံနက် ၁၀ နာရီအချိန်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစု ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြိုနိုင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။
အခမ်းအနားတွင် ညောင်လေးပင်မြို့နယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားပြီးရွေးကောက်ပွဲအရာရှိ ဒေါ်ယူယူခိုင်ကမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ်အလိုက်လူဦးရေစာရင်းများ ကြိုတင်ပြုစုရာတွင်ပူးပေါင်း ကူညီဆောင်ရွက်ပေးပါရန်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ လုပ်ငန်းစဉ်အမှတ်(၅)အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုထားရှိရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အဓိကပူးပေါင်းဆောင်ရွက်ရမည့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးတို့ကလည်း လူဦးရေ စာရင်းများ ကြိုတင်ပြုစုရာတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး ပြောကြားသွားခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)