ပိုင်ကျုံမြို့အမှတ်(၄)ရပ်ကွက် သီတာအေးလမ်းတွင်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ စတင် အကောင်အထည်ဖော် ဆောင်ရွက်

ပိုင်ကျုံ  ဒီဇင်ဘာ  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၂၂.၅၀) သန်းဖြင့်ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီတာအေးလမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အရှည်(၈၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်က ရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှအနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြာင်းသိရသည်။

အဆိုပါလုပ်ငန်းပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌ရေး လာ‌ရေး အတွက်အဆင်‌ပြေ လွယ်ကူ‌လာမည် ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)