ထားဝယ် ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးနှင့်တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်း အထောက်အကူပြု လူဦးရေစာရင်းပြုစုခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ခံ ဦးမင်းမင်းထိုက်က လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက တာဝန်ရှိသူများအား မကြာခင်ကာလအတွင်း ပါတီစုံဒီမိုကရေစီ မဲစာရင်းအထောက်အကူပြု လူဦးရေစာရင်းပြုစုခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက် ပေးစေလိုကြောင်းနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ကေကေအယ်လ်(ထားဝယ်)