တောင်တွင်းကြီး ဒီဇင်ဘာလ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန တရုပ်ကော မူလတန်းကြို ကျောင်း၌ ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်၍ အသက်(၃)နှစ်မှ အသက် (၅)နှစ်ထိ မူလတန်းကြို ကျောင်းသား၊ ကျောင်း သူ ကလေးများအား ကျောင်းအပ်လက်ခံပြီး စတင်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျောင်းအပ်လက်ခံ စတင်သင်ကြားရာ တွင် သင်ကြားချိန်အား တစ်ပတ်လျှင် (၃)ရက်ဖြင့် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့ရက်များတွင် နံနက်(၉)နာရီခွဲ မှ ညနေ (၃) နာရီခွဲထိ သင်ကြားပေးသွား မည်ဖြစ်သည်။ ယနေ့အထိ မူလတန်းကြိုကျောင်း၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ( ၅၀ )ဦး၊ တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးရှိပြီး ကလေးများအားအကြီးအဆင့်၊ အငယ်အဆင့်ခွဲခြား၍ တစ်ပတ်ခြားသင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ကလေးများအား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား ချက်နှင့်အညီ ဆရာမများက ကျောင်းအဝင်တွင် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ အိမ်မှတပ်ဆင် လာသော နှာခေါင်းစည်း (Mask)များအစား နှာခေါင်းစည်းအသစ်များ လှဲလှယ်တပ်ဆင်၍ သင်ကြားဆောင် ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)