သီပေါ သြဂုတ် ၂၁
သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ကာလအတွင်း စီးပွားရေး အပေါ် ထိခိုက်မှု သက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (CERP) COVID-19 Economic Relief Plan အရဖွင့်လှစ်သော သိုး၊ ဆိတ်မွေးမြူထုတ်လုပ် သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ဘော်ကြို ကျေးရွာတွင် ဖွင့်လှစ် သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သီပေါမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်က မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရေး၊ မွေးမြူထားသည့် တိရစ္ဆာန်အသေ အပျောက် ပျက်စီးဆုံးရှုံးမှု နည်းပါးစေရေး စသည်တို့ အတွက်ရည်ရွယ်၍ နွားမေထုံမဲ့သားစပ်နည်း သင်တန်း၊ တိရိစ္ဆာန် ကျန်းမာ ရေးစောင့်ရှောက်မှုသင်တန်း၊ ကျွဲ/ နွားမွေးမြုရေး သင်တန်း၊ သိုး/ဆိတ်မွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေးသင်တန်း၊ ကြက်မွေး မြူရေးသင်တန်း စသည်ဖြင့် ပညာရပ်(၆)မျိုးရှိရာ ယနေ့ပြုလုပ်သည့် သင်တန်းသည် သိုး/ဆိတ် မွေးမြူထုတ်လုပ် ခေါင်းစဉ်ဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ကြောင်းနှင့် အခြားပညာရပ် များကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ သင်တန်းသား ဦးရေ(၂၀)ဦးအား သိုး/ဆိတ် မွေးမြူထုတ်လုပ်သင်တန်း သင်ခန်းစာကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)