ကဝ ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပေါက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက်(၁၁:၀၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကဝမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ပဲခူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေး၊ မြို့နယ်ဦးစီးဌာနမှူး ဦးနေလင်းတို့က အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကံတော်ကျေးရွာသို့ (၄၃)ကတ်၊ တံတားဦးကျေးရွာသို့ (၃၄)ကတ်နှင့် ရွှေပေါက်ပင်ကျေးရွာသို့ (၅၉)ကတ် စုစုပေါင်း(၁၃၆)ကတ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)