ဒိုက်ဦး ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းများအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ပါ လုပ်ငန်းစဉ် အမှတ်(၅)အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုထားရှိရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အဓိက ပူးပေါင်းဆောင်ရွက်ရမည့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ဌာနဆိုင်ရာ အသီးသီးတို့ကလည်း လူဦးရေ စာရင်းများ ကြိုတင်ပြုစုရာတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေပါကြောင်း ဒိုက်ဦးမြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးဝင်းဗိုလ်က ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)