ချောက် ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလေမြို့ဈေးတွင်မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွား မှုမရှိစေ ရေး အတွက် ယမန်နေ့က စလေမြို့ဈေးအတွင်းရှိ ဆိုင်ခန်း(၃၆၂)ခန်းအား မီးဘေးလုံခြုံရေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိဦးနေမန်းနှင့် ဝန်ထမ်းများ၊မြို့ နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိဦးသိန်းဇော်ဝင်းဦးဆောင်၍စလေမြို့မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ လျှပ်စစ်ဌာနဝန်ထမ်းများ၊ ယင်းစျေးတာဝန်ခံနှင့်စျေးကော်မတီဝင်များပူးပေါင်း၍ဈေး အတွင်းရှိ ဆိုင်ခန်း များ၌ လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျ ဖြစ်စေရေး၊ မီးကြိုးများနှင့် မီးလုံးများ သွယ်တန်းထားမှု အခြေ အနေများကို စစ်ဆေးခဲ့ပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးနေမန်းက မီးဘေးကြိုတင် ကာကွယ် ရေးအသိပညာပေးအချက် (၁၁)ချက်အားဈေးသူ /စျေးသားများ နားလည်သိရှိ လိုက်နာနိုင်ရေး အချက်တစ်ချက်ချင်း အလိုက်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရသည်။
ကျော်မိုး(ပြန်/ဆက်)