နတ်မောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ရုံးပိတ်ရက်မရှိဆောင်ရွက်ပေး

နတ်မောက်   ဒီဇင်ဘာ        ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့်အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့်မြို့နယ်ဦးစီးမှုးရုံးတွင် ရုံးပိတ်ရက်မရှိ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဒီဇင်ဘာလ(၂)ရက်နေ့က နတ်မောက်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာ များမှနိုင်ငံသားစိစစ်ရေးကတ်များ လာရောက်ပြုလုပ်ကြရာတွင် ၃(က)ဖြင့်ပြုလုပ်သူ ကျား(၁)ဦး၊ ၆(က)ဖြင့် ပြုလုပ်သူ ကျား(၅)ဦး၊ မ(၂)ဦး၊ လဲလှယ်သူ ကျား(၁၃)ဦး၊ မ(၂၁)ဦး၊ မိတ္တူ ကျား(၅)ဦး၊ မ(၂)ဦး စုစုပေါင်း (၄၉)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ အုပ်စု (၇၃)အုပ်စု ကျေးရွာပေါင်း (၂၃၄)ရွာရှိပြီး အဆိုပါ ရပ်ကွက်/ ကျေးရွာများရှိဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်များကို  မတ်လ(၃)ရက်နေ့မှ ဒီဇင်ဘာလ(၂) ရက်နေ့အထိ  နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း(၃၉၇၈)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း (၈၀၅)ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လ.ဝ.က ဦးစီးမှူးဦးမျိုးတင့်ထံမှသိရသည်။

သင်းသင်းမြတ်(နတ်မောက်)