ဒိုက်ဦး​​​မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒိုက်ဦး  ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့ ဘူတာလမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ တပ်၍ အိမ်အပြင်သို့မထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ပြင်ပသို့ သွားလာကြသော ပြည်သူများနှင့် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား  နေအိမ်ပြင်ပသို့ သွားလာပါက  နှာခေါင်းစည်း (Mask)  များကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊  လက်ကိုမကြာခဏ ဆေးကြောရန်၊ ဟောင်းနွမ်းနေသော (Mask) များကို မတပ်ဆင်ကြရန် စသည့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး အကြောင်းအရာ များကို   ပြောကြားပြီး  နှာခေါင်းစည်း (Mask) များ စစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်လာသူများအား နှာခေါင်းစည်း (Mask)တပ်၍ အိမ်ပြင်ထွက်ရန် ပညာပေးစကား ပြောကြားကာ နှာခေါင်းစည်း (Mask) မပါလာသူများကို (Mask) များ အခမဲ့တပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)