ကဝ ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀:၃၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိက မြို့နယ်အတွင်း အိမ်ထောင်စုဇယားပုံစံ (၆၆/၆)နှင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲစာရင်းများ ပြန်လည်ပြုစုရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားပြီး အဆိုပါ လုပ်ငန်းများ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)