ပလောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ

ပလောက်   ဒီဇင်ဘာ  ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး   အရှေ့မြေစိုက် နံရံကပ်ဘုတ်တွင် အများပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် နံရံကပ် စာစောင် ပြသခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းမှစတင်၍ မသန်စွမ်းသူများအခွင့်အရေး ပူးပေါင်းပါဝင်ကူညီပူး ခေါင်းစဉ်ဖြင့်  အများပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနိုင်ပြီး ဗဟုသုတရစေရန် ရည်ရွယ်ချက်များဖြင့် ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ် စာစောင်တွင် မသန်စွမ်းသူများအတွက် ရသင့်ရထိုက်သည့်အခွင့်အရေးများ မသန်စွမ်းသူများအား မည်ကဲ့သို့ ကူညီကာကွယ်စောင့်ရှောက်နိုင်မည့် အချက်အလက်များ ကလေးမသန်စွမ်းသူများအတွက် ရသင့်ရထိုက်သည့် ဥပဒေများအား ဝေဝေဆာဆာ ထည့်သွင်းပြသ ထားပြီး ထိုစာစောင်အား (၃.၁၂.၂၀၂၁) ရက်နေမှ (၁၅.၁၂.၂၀၂၁) အထိပြသသွားမည် ဖြစ်ကြောင်းသိရှိရသည်။

နှင်းမြူလွင်(ပလောက်)