အင်္ဂပူ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊(Community Center) ခန်းမ၌ ကိုဗစ် -၁၉ ကာလအတွင်းပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက်မြို့ နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ နယ်ဦးစီးမှူးရုံးတို့ပူးပေါင်းပြီးပန်းခင်းစီမံချက်ဆိုင်ရာအသိပညာပေး (Talk Show )ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ နယ်ဦးစီးမှူး ဦးဇော်နိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းများ ကျေးရွာအုပ်စုအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်း ကမ်းချက်များနှင့်အညီ အသက် (၁၀) နှစ်မှ(၁၈) နှစ်ပြည့်ပြီးနိုင်ငံသားအရည် အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ ကတ်အသစ်လဲလှယ်ပေးခြင်း ၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်း သွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေး နေမှုများအားရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။
မန်းကျော်