လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်းဘွဲ  ဒီဇင်ဘာလ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲကို လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူတို့၏ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို သိရှိနိုင်စေရန်နှင့်အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ မသန်စွမ်းသူများနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကူညီထောက်ပံ့ပေးမှုများ၊  မသန်စွမ်းသူများ အသက်မွေး ဝမ်းကြောင်းအတွက် သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ သင်တန်းသား လက်ခံထားရှိသည့် အ‌ရေအတွက်၊ လေ့ကျင့် သင်ကြားပေးနေမှု အခြေအနေ၊ မသန်စွမ်းမှု အဆင့်သတ် မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း အဆင့်ဆင့် လုပ်ငန်းစဉ်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊နည်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံ မသန်စွမ်းများ အခွင့်အ‌ရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပြဌာန်းချက်များ၊ နိုင်ငံတော်အဆင့် ဂုဏ်ပြု အခမ်းအနားများ ကျင်းပခြင်း၊ မသန်စွမ်းသူများ အနေဖြင့် ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်ရန်အတွက် ခေတ်စနစ်နှင့်လျော်ညီစွာ မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေ စသည့် မသန်စွမ်းသူများ အခွင့်အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)