ပြည် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ အားကစားလအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှား အားကစား စုပေါင်းလေ့ကျင့်ဆောင်ရွက် ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မျက်နှာစာ ကွင်းပြင်၌ ကျင်းပခဲ့သည်။
ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနည်းပြများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်ပြီး အားကစားတေးသီချင်းများဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းလေ့ကျင့်ခဲ့ကြသည်။
ပြည်မြို့နယ်တွင် အလားတူ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်မှုများကို ဒီဇင်ဘာ လူထုအားကစားလအတွင်း အပတ်စဉ် သောကြာနေ့ နံနက်တိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်