ဖျာပုံ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် ခရိုင်/ မြို့နယ်စားသုံးသူရေးရာဦးစီးမှူးများမှ ဦးဆောင်၍ ပြည်သူများ စားသုံးဆီ လိုအပ်ချက်များ မဖြစ်ပေါ်စေရေး၊ ခရိုင်နှင့်မြို့နယ်အလိုက် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတာဝန် ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက Virtual Zoom Meeting စနစ်ဖြင့် သက်ဆိုင်ရာ ခရိုင်မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများတွင် ဆီလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းတွင် တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်/မြို့နယ်အလိုက် ဆီလုပ်ငန်းရှင်များ အား၊ သက်ဆိုင်ရာမြို့နယ်အလိုက် ဆီလုပ်ငန်းရှင်အဖွဲ့ ဥက္ကဋ္ဌတစ်ဦးအား ရွေးချယ်ကြပြီး၊ မိမိတို့၏ မြို့နယ်အလိုက်စားသုံးဆီနှင့် ပတ်သက်၍ အခက်အခဲများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ကာ ပြည်သူများ၏ စားသုံးဆီနှင့်ပတ်သက်သည့် အခက်အခဲများကို ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း Virtual Zoom Meeting ဖြင့် ခရိုင်/မြို့နယ်
ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်အလိုက် ဆီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်