သာယာဝတီ ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စီနှခွအုပ်စု၊ ကွင်းအမှတ် ၄၇၃(က)တောင်သူ ဦးဖိုးဆိတ်၏ မိုးစပါး စံပြကွက် ဆင်းသုခ(၅)ဧက စိုက်ခင်းတွင် ယနေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ရိတ်သိမ်းရာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနနှင့် မိတ်ဖက်ဌာနများမှ ၅ ဒဿမ ၉ ပေ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက စပါးအစိုအထွက်နှုန်း (၁၁၃)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရေနည်းလမ်းအလိုက် မိုးစပါးစိုက်ပျိုးပြီးစီးမှု သုံးဆယ်ရေလှောင် တမံဆည်ရေဖြင့် ၃၆၃၁ ဧက၊ ဆည်ကန်ငယ်ရေဖြင့် ၃၂၃၆ ဧက၊ မိုးရေသောက် ၂၁၆၃၅ ဧက၊ စုစုပေါင်း ၂၈၅၀၂ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော်