လက်ပံတန်းမြို့နယ်တွင်  မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူ

လက်ပံတန်း ဒီဇင်ဘာ ၃

ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် တွင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက်နေ့က အာရုဏ်ဈေး၊ လက်ပံတန်း(၁)လမ်းအဝိုင်း၊ ကျွန်းကလေးတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သတ်မှတ်ဌာနဆိုင်ရာအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

စစ်ဆေးဆောင်ရွက်ရာတွင် တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်များအား တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စီးနင်းအသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့် အညီ အရေးယူခြင်းခံရမည်ဖြစ်သည်။

မော်တော်ယာဉ်/မော်တော် ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရန် စည်းကမ်းချက်များ မော်တော် ယာဉ်/မော်တော် ဆိုင်ကယ်စီးနင်း မောင်းနှင်အသုံးပြုရာတွင် ယာဉ်မောင်းလိုင်စင်/ ယာဉ်လိုင်စင်ရှိရမည်။

မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်အား ဆောင်း၍ မေးသိုင်းကြိုးတပ် စီးနင်းရမည်။ ယာဉ်အသုံးပြုမောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမိုစီးနင်းခြင်း မပြုရ၊ စည်းကမ်း ချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့် အညီ အရေးယူခြင်းခံရမည်ဖြစ် ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး (လက်ပံတန်း)