နတ်မောက်မြို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိ

နတ်မောက်   ဒီဇင်ဘာ   ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ကြား လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန် ခန့်က နတ်မောက်မြို့အောင်ဆန်း ရပ်ကွက် ဗိုလ်ချုပ်အထိန်းအမှတ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်ကျသည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများက ကျောင်းရှေ့အဝင်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျောင်းသား/သူများမှာလည်း နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်ပြီးမှသာ ကျောင်းခန်းအတွင်း ဝင်ရောက်၍ ကျောင်းသင်ခန်းစာ များကို သင်ယူလျက်ရှိရာ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်း အမှတ်အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံသည့် ကျောင်းသား/သူများ အေးချမ်းသာစွာ ပညာသင်ယူ လျက်ရှိကျောင်း သိရသည်။

လှဝင်း