ဘုရားသုံးဆူမြို့၌ အသက်(၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေး အသိပညာပေးဆောင်ရွက်

ဘုရားသုံးဆူ ဒီဇင်ဘာ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို  ဘုရားသုံးဆူမြို့ ပြည်ထောင်စုခန်းမအတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန် ထပ်မံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပြီး ကာကွယ်ဆေးနှင့် ပတ်သက်သည့် အသိပညာများအား ရှင်းလင်းပြောကြားသည်။ အဆိုပါကာကွယ်ဆေးကို(၂)ကြိမ်တိတိ ထိုးနှံရမည်ဖြစ်ပြီး ဘုရားသုံးဆူ မြို့ရှိ ဆဌမအသုတ် (ပထမအကြိမ်)အတွက် ကာကွယ်ဆေးထိုးနှံမည့်ဦးရေ (၁၀၀၀)ဦး ရှိပြီး ယနေ့ဒီဇင်ဘာ(၃)ရက်နေ့တွင်ဦးရေ(၆ဝဝ)ဦး ထိုးနှံပေးခဲ့ကြောင်း၊  ဒီဇင်ဘာ(၃၁)ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

အောင်သူဟိန်း (ပြန်/ဆက်)