အထက်မင်းလှ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွာသစ် ကျေးရွာ အတွက်မြစိမ်းရောင် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်၁၀နာရီက မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်များ ဆောင်ရွက်ရန် အတွက်နိုင်ငံတော်မှ မြစိမ်းရောင်ရန် ပုံငွေများကိုကျေးရွာများသို့လွှဲပြောင်း ပေးလျက်ရှိပြီးကျေး လက်နေပြည်သူများအနေဖြင့်စနစ်တကျသုံးစွဲရန်ပြောကြားခဲ့သည်။ ထို့နောက် မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှမြို့နယ် ဦးစီးမှူးဦးဝေလင်းမောင်က မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ လွှဲပြောင်း ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်ရာ ရွာသစ်ကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ၅၈ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ၃၃ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ၅ဦးတို့ အတွက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ်သိန်း၃၀၀အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများကရွာ သစ်ကျေးရွာမှ ကျေးရွာမြရောင်စိမ်းရောင် ရန်ပုံငွေကြီးကြပ်ရေး ကော်မတီထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)