နာဂဒေသ၊ ပန်ဆောင်မြို့၌ ကုန်မြင့်လယ်ယာမြေ ဖော်ထုတ်ရေး အစည်းအဝေးကျင်းပ

ပန်ဆောင် ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ကုန်မြင့် လယ်ယာမြေဖော်ထုတ်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့အထွထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နောင်ယန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကုန်းမြင့် လယ်ယာမြေ များအား အမြန်ဆုံးဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားကြရန်၊ လယ်ယာမြေ ဖော်ထုတ်မှုတွင် ဧကပြည့်မှီရန်နှင့် သတ်မှတ်ချက်အား ပြည့်စုံစေရေး ဆောင်ရွက်သွားရန်၊ သတ်မှတ်ဧက မပြည့်မှီပါက ထောက်ပံငွေ ရရှိမည် မဟုတ်သည့် အတွက် ရပ်၊ရွာများ နစ်နာကြောင်းနှင့် ကျေးရွာများအတွင်း ဖော်ထုတ်မည့် ကုန်းမြေ၊ လယ်ယာမြေများဖြစ်သော ထဟော-၂ ကျေးရွာတွင် (၁၅)ဧက၊ နောင်ဆိုင် ကျေးရွာတွင် (၂၀)ဧက၊ တကုန်းကျေးရွာတွင်(၁၀)ဧက၊ တကိုင်း ကျေးရွာတွင်(၅)ဧက၊ နာယန်းကျေးရွာတွင် (၂၀)ဧက၊ ထဟော-၃ ကျေးရွာတွင် (၁၅)ဧက၊ ယောကွမ်ကျေးရွာတွင် (၁၅)ဧကတို့ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာတွင် လိုအပ်ချက်များအား တင်ပြဆွေးနွေး ခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်၊ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)