မအူပင် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက်အပိုင်းအခြားအလိုက် ကိုဗစ် ၁၉ ကာကွယ်ဆေးအားထိုးနှံလျက်ရှိရာ ပြည်သူများ၊ ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံများ၊ အစိုးရပညာရေး ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘာသာရေးအသင်း အဖွဲ့များအား သက်ဆိုင်ရာအုပ်စုအပိုင်လိုက် ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် တိုးရွှေဝါခန်းမ၌ ပထမအကြိမ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
မအူပင်မြို့နယ်အတွင်းရှိ ပြည်သူများပထမအကြိမ် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးရန် Phase-4 Fisd အတွက်ဆေး 500 Doses ထပ်မံရရှိပြီး အသက်ကန့်သတ်ချက်အားလျော့ချ၍ ထိုးနှံခွင့်ပြုထားပြီး ပြည်သူများအနေဖြင့် Phase-4 သတ်မှတ်ကာလမှ ဒီဇင်ဘာ ၆ ရက်နေ့တွင် နောက်ဆုံးထိုးပေးမည်ဖြစ်သဖြင့် ဆေးမထိုးရသေးသူများအနေဖြင့် အမြန်ဆုံးသတ်မှတ်စုရက်များတွင် ထိုးနှံကြရန် အသိပေးထားကြောင်းနှင့် ဒုတိယအကြိမ်အား ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)