စုကလိ ဒီဇင်ဘာ ၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများထံသို့ အသိပညာပေးလုပ်ငန်းများ အား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ ပြည်သူ့စာကြည့် တိုက်တွင် အများပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် နံရံကပ် စာစောင်ပြသခြင်း လုပ်ငန်းအား ယနေ့နံနက်ပိုင်းမှ စတင်၍ မသန်စွမ်းသူများအခွင့်အရေး ပူးပေါင်းပါဝင်ကူညီပူး ခေါင်းစဉ် ဖြင့် အများပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနိုင်ပြီး ဗဟုသုတရစေရန် ရည်ရွယ်ချက်များ ဖြင့် ပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ် စာစောင်တွင် မသန်စွမ်းသူများအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ မသန်စွမ်း သူများအား မည်ကဲ့သို့ ကူညီကာကွယ်စောင့်ရှောက်နိုင်မည့် အချက်အလက်များ ကလေးမသန်စွမ်းများ အတွက် ရသင့်ရထိုက် သည့် ဥပဒေများအား ဝေဝေဆာဆာ ထည့်သွင်းပြသထားပြီး ထိုစာစောင်အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေမှ ၁၅ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်