ကျိုက်လတ် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိရာဒီဇင်ဘာလ ၃ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီးအတွင်း အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလိုက်လံနှိုးဆော်ရာတွင် ကျိုက်လတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့လူရာတွေ့ရှိမှုလျော့နည်းနေသော်လည်းကိုဗစ်-၁၉ရော
ဂါအန္တရာယ်မှကင်းဝေးနိုင်ရေး၊ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်း၌သာနေထိုင်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်အနည်းဆုံး စက္ကန့် ၂၀ကြာအောင်စနစ်တကျဆေးရန်အပြင်ထွက်ရာမှပြန်လာတိုင်းပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ရောဂါပိုးကူးစက်သည်ဟုသံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်၍မပျက်မကွက် ဆေးကုသမှုခံယူရန်၊ကိုဗစ်-၁၉ ရောဂါကိုလျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို အားလုံးကကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် Hand speaker ဖြင့်လှည့်လည်၍တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်