ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေး အရှိန် အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း ကျဆင်းနေသော်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အသိပညာပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အုတ်ဖို(၁)၊ အုပ်ဖို(၂) ရပ်ကွက်နှင့် စျေး(၁)ရပ်ကွက်အတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး​ နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးက အတတ်နိုငိဆုံး မဖြစ် မနေ အိမ်တွင်း၌ နေထိုင်ကြရန် သို့မှသာ ရောဂါကွင်းဆက်ပြတ်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်၊ ပြတင်းတံခါးများ ဖွင့်ပြီး လေဝင်လေထွက် ကောင်းအောင်လုပ်ရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)