မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံပေး

မိုးညို ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် တစ်ကြိမ် တစ်ခါမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

မိုးညိုမြို့နယ်တွင်  ယမန်နေ့အထိ ပထမအကြိမ်၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၇၆၈၅၅ ဦးရှိပြီဖြစ်သည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကာကွယ်ဆေးတစ်ကြိမ် တစ်ခါမှ ထိုးနှံခြင်းမရှိသေးသည့် ပြည်သူများအား  မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျေးရွာဌာနခွဲများ တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုမင်း(မိုးညို)