ကျိုက်လတ်မြို့နယ်‌ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲပြသ

ကျိုက်လတ် နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ် ပြပွဲပြသခြင်းကို ယနေ့နံနက် ၁၁နာရီကပြသခဲ့ကြောင်းသိရသည်။

အဆိုပါ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲတွင် မသန်စွမ်းသူများ၏ အခြေခံအခွင့်အရေးများ၊ မသန်စွမ်းမှု အမျိုးအစားများ၊ မသန်စွမ်းသူများအတွက် အဟန့်အတားကင်းသော ပတ်ဝန်းကျင်၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများ၏ သွင်ပြင်လက္ခဏာများ စသည့်အသိပညာပေး မှတ်တမ်းဓါတ်ပုံ များနှင့် စာအုပ်ပြပွဲတွင် မသန်စွမ်းသူများ၏ ကြိုးစားအောင်မြင်ခဲ့ရသည့် စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်များ၊ ပြည်သူများ ဖတ်ရှုလေ့လာသင့်သည့် သုတရသစာအုပ်များက ပြသထားရာ ပြည်သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ ကြောင်းသိရသည်။

မြို့နယ်