ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပန်းတနော် ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် နာရီက ခရေကန်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဒေါ်ချိုချိုဝင်းနှင့် အဖွဲ့ဝင်များက ​​ရေကန်ကျေးရွာ အုပ်စုရှိ အသက်(၁၆)နှစ်နှင့်အထက် (၂၃)ဦး၊အသက်(၁၈)နှစ်နှင့်အထက်(၈၀)ဦး၊ပျောက်ဆုံး/ပျက်စီး(၁၃)ဦး စုစုပေါင်း (၁၁၆)ဦးတို့အားကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။