လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပူးပေါင်းစီစဉ်ကျင်းပသော သဘာ၀ဘေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

လပွတ္တာ   ဒီဇင်ဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော သဘာ၀ဘေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ( ၁၀:၀၀) နာရီ အချိန်ခန့်က လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်သီတာအောင်က မိတ်ဆက်စကားပြောကြား ပြီး သိလိုသည်များမေးမြန်းရာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးရီက  သဘာ၀ဘေးအန္တရာယ် များကြောင့် ဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအား လတ်တလောစား၀တ်နေရေး သက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေး ရန်၊ သဘာ၀ဘေးအန္တရာယ်များကြောင့် လူ့အသက်၊အိုးအိမ်၊ ပစ္စည်းများဆုံးရှုံးမှု လျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက် ပေးရန် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းတာ၀န်များကို ဆက်လက်ပြောကြားရာတွင် သဘာ၀ဘေးအန္တရာယ်များနှင့် လူ့ကြောင့်ဖြစ်ပေါ် တတ်သော ဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားကြရသည့် ပြည်သူများအား လတ်တလော စား၀တ်နေရေးပြေလည် စေရေးအတွက် ကူညီထောက်ပံ့ခြင်း၊ မြစ်နှင့်ပင်လယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် သော်လည်းကောင်း အခြားဘေးအန္တရာယ်တစ်ရပ်ရပ်ကြောင့် သော်လည်း ကောင်း ပြည်တွင်း၊ ပြည်ပနယ်မြေရပ်ခြားများသို့ ရောက်ရှိသွားကြသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်း၊ လူတို့ကြောင့် ဖြစ်ပေါ်တတ် သောဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်ပြောင်းရွှေ့ကြသူများ၊ လုံခြုံစိတ်ချမှုမရှိသောနယ်မြေအတွင်းမှ ပြန့်ကျဲနေသောအိမ်ခြေ များအား အခြားလုံခြုံ သောဒေသသို့ စုစည်းပြောင်းရွှေ့ရသော ပြည်သူများအား ထောက်ပံ့မှုပေးခြင်း စသည်လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်သောအကြောင်းအရာများကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက် )