စေတုတ္တရာ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေဖြင့် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက် မှု (၉၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသ ကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၂)ရပ်ကွက် လယ်ပြင်စုလမ်း အုတ်ရေ မြောင်းတူး ဖော်ခြင်းလုပ်ငန်း အရှည်(၁၅၀၀)ပေ၊ အနံ(၂)ပေ ၃လက်မ၊ အနက်(၃)ပေအား တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၃၆၀)ဖြင့် လည်းကောင်း၊ မြကန်သာလမ်း အုတ်ရေမြောင်း တူးဖော်ခြင်း လုပ်ငန်း အရှည်(၁၆၀၀)ပေ၊ အနံ(၂)ပေ ၃လက်မ၊ အနက်(၃)ပေအား တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၃၃၈) သိန်းဖြင့်လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း အုတ်ရေမြောင်း တူးဖော်ခြင်းလုပ်ငန်း အရှည်(၁၆၅၀)ပေ၊ အနံ(၂)ပေ ၃လက်မ၊ အနက်(၂)ပေ၆လက်မအား တိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၄၀၆)သိန်းဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ရာ အုတ်ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းအားလုံး ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် (၉၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသက်နိုင်ထံမှ သိရသည်။
စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မိုးတွင်းကာလ၌ လမ်းများ ပျက်စီးမှု မရှိစေ ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း(၁၁၀၄)သိန်းဖြင့် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း(၃)ခုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စည်သူလွင်(ပြန်/ဆက်)