အုတ်ဖို ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က(ခွဲ)လွှစင်တွင် ယနေ့ နံနက်ပိုင်းက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့က အမျိုးသား အောင်ပွဲနေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိ သည့် ကျောင်းသား၊ ကျောင်းသူများအား အ.ထ.က(ခွဲ)လွှစင် ကျောင်းအုပ်ဆရာမကြီးက အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)