ကျိုက်ဒုံမြို့ပေါ် ဘုရင့်နောင်လမ်းမကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ   ဆောင်ရွက်

ကျိုက်ဒုံ ဒီဇင်ဘာ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ပေါ် ဘုရင့်နောင်လမ်းမကြီး အမှတ်(၅)ရပ်ကွက်၊ (၆)ရပ်ကွက်တို့တွင်(ပြန်/ဆက်) ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီး ကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှ လာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)