ကယား ဒီဇင်ဘာ ၃
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Gene-Xpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ (၂)ဦးပိုးတွေ့ရှိခဲ့ပြီး ကယား ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဒီဇင်ဘာလ(၂)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်သူ(၆၃) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ပိုးမတွေ့ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂)ဦးအား လွိုင်ကော်ဆေးရုံကြီးတွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂) ဦးရှိရာ ယခုထပ်မံတွေ့ရှိချက်အရ ကယား ပြည်နယ်တွင် အတည်ပြုလူနာ စုစုပေါင်း (၅၈၁၁)ဦး၊ ဆေးရုံဆင်းလူနာ(၅၄၈၁)ဦးရှိပြီး သေဆုံး လူနာ(၂)ဦးရှိရာ လွိုင်ကော်မြို့နယ်မှဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၂၃၃)ဦးရှိပြီဖြစ် ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၄၆) ဦး၊ Positive Medical Centre များတွင် (၃)ဦး၊ ဘောလခဲမြို့နယ်တွင် (၂၆)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၁၁)ဦး၊ မယ်စဲ့မြို့နယ်တွင် (၈)ဦး၊ ရှားတောမြို့နယ်တွင် (၂)ဦးနှင့် မိုးဗြဲဆေးရုံတွင်(၁)ဦး စုစုပေါင်းလူနာ (၉၇)ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)