ပိုင်ကျုံ ဒီဇင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ် ဆေးရုံ၌ အသိပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ပါ။ သို့မှာသာ ရောဂါ ကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ (Mask) မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါ ကူးစက်ခံရပါကဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါ သည်၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ကြရရှိသော ကာကွယ် ဆေးများသည် မိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီး သော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါကာကွယ်ရေး နည်းလမ်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါရန် စသည့် အချက်များ ပါဝင်ပါသည်။
ထိုသို့လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်များအား အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)