ပန်းတောင်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားဂေါပကအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဂေါပကအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပေါ်တော်မူ (ရှင်ဖြူ)၊ မြတ်စွာ ဘုရားရင်ပြင်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အမှာစကား ပြောကြားပြီး တက်ရောက်လာသော ဘုရားဂေါပကအဖွဲ့ဝင်များက ရှေးဟောင်းသမိုင်းဝင် အတွင်းရှိ ဘုရားသန့်ရှင်းရေးများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြာခဲ့ သည်။

ထို့နောက် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများ သက်ဆိုင်ရာ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)